ဝိညာဉ်/ဆုကျေးဇူးများ
12
ညီအစ်ကို/မောင်နှမတို့… ဝိညာဉ်/ဆုကျေးဇူး/နှင့် ပတ်သက်သော/အကြောင်းအရာများ/ကို သင်တို့ မသိ/နားမလည်ဘဲ/မနေစေလိုပါ။ 2 သင်တို့/သည် ဘုရားသခင်/ကို မကိုးကွယ်/မီ/အချိန်/က စကား/မပြောနိုင်သော/ရုပ်တုများ/ကို ကိုးကွယ်/ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်း/ဖြင့် သွေးဆောင်/ခံရ/ကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့/အသိ/ပင် ဖြစ်၏။ 3 ထို့ကြောင့် သင်တို့/အား ကျွန်ုပ်/သိစေလိုသည်/မှာ မည်သူ/ကမျှ ဘုရားသခင်/၏ ဝိညာဉ်တော်/အားဖြင့် ယေရှု/ကို ကျိန်မည်/မဟုတ်။ သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် မဟုတ်လျှင် မည်သူ/ကမျှ ယေရှု/သည် သခင်/ဖြစ်ကြောင်း ပြော/နိုင်မည်/မဟုတ်။4 ဝိညာဉ်/ဆုကျေးဇူး/အမျိုးမျိုး/ရှိ/သော်လည်း ဝိညာဉ်တော်/တစ်ပါးတည်း/ရှိ၏။ 5 အမှုတော်/လုပ်ငန်း/အမျိုးမျိုး/ရှိ/သော်လည်း ဘုရားသခင်/တစ်ပါးတည်း/ရှိ၏။ 6 လုပ်ဆောင်ပုံ/အမျိုးမျိုး/ရှိ/သော်လည်း လူအပေါင်းတို့/၌ ရှိသော လုပ်ဆောင်ပုံ/အားလုံး/ကို သက်ဝင်လှုပ်ရှား/စေတော်မူသော ဘုရားသခင် တစ်ပါးတည်း/ရှိ၏။
7 အများ/ကောင်းကျိုး/ဖြစ်/စေရန် ဝိညာဉ်/ဆုကျေးဇူး/ကို ကျွန်ုပ်တို့ တစ်ဦးစီ/တိုင်း/အား ပေးတော်မူ၏။ 8 ဝိညာဉ်တော်/သည် လူတစ်ယောက်/အား ဉာဏ်ပညာ/စကား/ကို ပေးတော်မူ၏။ ထို/ဝိညာဉ်တော်/တစ်ပါးတည်း/ကပင် အခြားသူ/တစ်ယောက်/အား အသိပညာ/စကား/ကို ပေးတော်မူ၏။ 9 ထို/ဝိညာဉ်တော်/ကပင် အခြားသူ/တစ်ယောက်/အား ယုံကြည်ခြင်း/ကို ပေးတော်မူ၏။ ထို/ဝိညာဉ်တော်/ကပင် အခြားသူ/တစ်ယောက်/အား ရောဂါ/ပျောက်ကင်းစေနိုင်သော/ဆုကျေးဇူး/ကို ပေးတော်မူ၏။ 10 ဝိညာဉ်တော်/သည် လူတစ်ယောက်/အား အံ့ဖွယ်တန်ခိုး/ပြနိုင်စွမ်း/ကို/လည်းကောင်း၊ အခြား/တစ်ယောက်/အား ပရောဖက်ပြု/ဟောပြောနိုင်စွမ်း/ကို/လည်းကောင်း၊ အခြား/တစ်ယောက်/အား သန့်ရှင်းသော/ဝိညာဉ်တော်/ထံမှ/လာသော/အရာ/နှင့် အခြား/ဝိညာဉ်/ထံမှ လာသော/အရာ/တို့ကို ပိုင်းခြားနိုင်စွမ်း/ကို/လည်းကောင်း၊ အခြား/တစ်ယောက်/အား ဘာသာစကား/အမျိုးမျိုး ပြောနိုင်စွမ်း/ကို/လည်းကောင်း၊ အခြား/တစ်ယောက်/အား ထို/ဘာသာစကားများ/၏ အနက်/ကို ပြန်နိုင်စွမ်း/ကို/လည်းကောင်း ပေးတော်မူ၏။ 11 ဤ/ဆုကျေးဇူး/အားလုံး/ကို သက်ဝင်လှုပ်ရှား/စေတော်မူသော/သူမှာ တစ်ပါးတည်းသော ဝိညာဉ်တော်/ဖြစ်တော်မူ၏။ ထို/ဝိညာဉ်တော်/တစ်ပါးတည်း/ကသာ မိမိ/အလို/အတိုင်း ထို/ဆုကျေးဇူးတို့/ကို တစ်ဦးစီ/အား အသီးသီး/ဝေငှပေးတော်မူ၏။
အင်္ဂါ/အစိတ်အပိုင်းများ/စွာ ပါရှိသော ကိုယ်ခန္ဓာ
12 ယုံကြည်သူများ/သည် ခရစ်တော်/၌ အင်္ဂါ/အစိတ်အပိုင်း/များစွာ/ပါရှိသည့် ကိုယ်ခန္ဓာ/ကဲ့သို့ ဖြစ်ကြ၏။ လူ့/ကိုယ်ခန္ဓာ/တွင် အင်္ဂါ/အစိတ်အပိုင်း/များစွာ/ရှိ/သော်လည်း ထို/အစိတ်အပိုင်း/များစွာ/သည် ကိုယ်ခန္ဓာ/တစ်ခုတည်း/ဖြစ်၏။ 13 ထိုကဲ့သို့/ပင် ကျွန်ုပ်တို့/အားလုံး/သည် ဂျူးလူမျိုး/ဖြစ်စေ၊ ဂရိလူမျိုး/ဖြစ်စေ၊ ကျွန်/ဖြစ်စေ၊ လွတ်လပ်သူ/ဖြစ်စေ ဝိညာဉ်တော်/တစ်ပါးတည်း/အားဖြင့် ကိုယ်ခန္ဓာ/တစ်ခုတည်း/ထဲသို့ နှစ်ခြင်း/မင်္ဂလာ/ခံယူကြပြီး ကျွန်ုပ်တို့/အားလုံး/သည် ထို/ဝိညာဉ်တော်/တစ်ပါးတည်း/ကို သောက်သုံးကြ၏။
14 မှန်ပါ၏။ ကိုယ်ခန္ဓာ/တွင် အင်္ဂါ/အစိတ်အပိုင်း/တစ်ခုတည်း/သာ ရှိသည်/မဟုတ်ဘဲ အစိတ်အပိုင်း/များစွာ ရှိ၏။ 15 ခြေ/က “ငါ/သည် လက်/မဟုတ်/သောကြောင့် ကိုယ်ခန္ဓာ/၏ အစိတ်အပိုင်း/မဟုတ်ပါ” ဟု ဆို/ပါက ထိုသို့ ဆို/သောကြောင့် ကိုယ်ခန္ဓာ/နှင့် မဆိုင်/တော့သည်/မဟုတ်ပေ။ 16 နား/ကလည်း “ငါ/သည် မျက်စိ/မဟုတ်/သောကြောင့် ကိုယ်ခန္ဓာ/၏ အစိတ်အပိုင်း/မဟုတ်ပါ” ဟု ဆို/ပါက ထိုသို့ ဆို/သောကြောင့် ကိုယ်ခန္ဓာ/နှင့် မဆိုင်/တော့သည်/မဟုတ်ပေ။ 17 အကယ်၍ ကိုယ်ခန္ဓာ/တစ်ခုလုံး/သည် မျက်စိ/ဖြစ်လျှင် မည်သို့ ကြား/နိုင်မည်နည်း။ ကိုယ်ခန္ဓာ/တစ်ခုလုံး/သည် နား/ဖြစ်လျှင် မည်သို့/အနံ့ရ/နိုင်မည်နည်း။
18 သို့သော်လည်း ဘုရားသခင်/သည် ကျွန်ုပ်တို့/၏ ကိုယ်ခန္ဓာ/အစိတ်အပိုင်း/တစ်ခုစီ/ကို အလိုတော်/ရှိသည့်/အတိုင်း ကိုယ်ခန္ဓာ/၌ အသီးသီး နေရာချ/တော်မူ၏။ 19 အင်္ဂါ/အစိတ်အပိုင်း/အားလုံး/သည် အစိတ်အပိုင်း/တစ်ခုတည်း/သာ ဖြစ်/လျှင် ကိုယ်ခန္ဓာ/ဟူ၍ မည်သို့/ရှိတော့မည်နည်း။ 20 ယခု/တွင်မူ အင်္ဂါ/အစိတ်အပိုင်း/များစွာ ရှိ/သော်လည်း ကိုယ်ခန္ဓာ/တစ်ခုတည်း/ဖြစ်၏။ 21 မျက်စိ/က လက်/အား “သင့်/ကို ငါ/မလိုအပ်” ဟု ပြော/၍/မရပါ။ ထို/နည်းတူ ဦးခေါင်း/က ခြေ/အား “သင့်/ကို ငါ/မလိုအပ်” ဟု ပြော/၍/မရပါ။
22 ကိုယ်ခန္ဓာ/တွင် ပို/၍ အားနည်းသည်/ဟု ထင်ရသော အင်္ဂါ/အစိတ်အပိုင်းများ/သည် အမှန်/တွင်မူ မရှိမဖြစ်သော/အစိတ်အပိုင်းများ/ဖြစ်ကြပြီး 23 ပို/၍ ဂုဏ်သရေ/နည်းသည်/ဟု ထင်ရသော အင်္ဂါ/အစိတ်အပိုင်းများ/ကို ကျွန်ုပ်တို့/သည် အထူး/အလေးပေး ဆင်ယင်ကြ၏။ အမြင်/မတင့်တယ်သော အစိတ်အပိုင်းများ/ကိုလည်း ဂရုတစိုက် ဖုံးအုပ်/ဆင်ယင်တတ်ကြ၏။ 24 အမြင်/တင့်တယ်သော အင်္ဂါ/အစိတ်အပိုင်းများ/ကိုမူ ထိုသို့ ပြု/ရန် မလိုအပ်ပေ။ သို့သော် ဘုရားသခင်/သည် ဂုဏ်သရေ/နည်းသော အင်္ဂါ/အစိတ်အပိုင်းများ/အား ပို/၍ ဂုဏ်သရေ/ရှိစေ/၍ ကိုယ်ခန္ဓာ/ကို ဖွဲ့စည်းတော်မူ၏။ 25 ဤသည်/မှာ ကိုယ်ခန္ဓာ/တွင် စိတ်ဝမ်း/မကွဲဘဲ အင်္ဂါ/အစိတ်အပိုင်း/အချင်းချင်း ဂရုစိုက်ကြ/ရန်/ဖြစ်၏။ 26 အင်္ဂါ/အစိတ်အပိုင်း/တစ်ခု/သည် ဝေဒနာ/ခံစားရ/လျှင် ကျန်/အစိတ်အပိုင်း/ရှိသမျှတို့/သည်လည်း အတူတကွ ခံစားကြ/ရ၏။ အင်္ဂါ/အစိတ်အပိုင်း/တစ်ခု/သည် ဂုဏ်တက်/လျှင် ကျန်/အစိတ်အပိုင်း/ရှိသမျှတို့/သည်လည်း အတူတကွ ဝမ်းမြောက်ကြ၏။
27 သင်တို့/သည် ခရစ်တော်/၏ ကိုယ်ခန္ဓာ/ဖြစ်ကြပြီး သင်တို့/တစ်ဦးချင်း/သည် အင်္ဂါ/အစိတ်အပိုင်းများ/ဖြစ်ကြ၏။ 28 အသင်းတော်/အတွက် ဘုရားသခင် ခန့်ထားသော အစိတ်အပိုင်းများ/မှာ
ပထမ/အနေဖြင့် တမန်တော်များ၊
ဒုတိယ/အနေဖြင့် ပရောဖက်များ၊
တတိယ/အနေဖြင့် ဆရာများ၊
ထို့နောက် အံ့ဖွယ်/တန်ခိုး/ကို ပြသူများ၊
ရောဂါ/ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး/ကို ရရှိထားသူများ၊
အများ/ကို ကူညီဖေးမသူများ၊
ဦးဆောင်/လမ်းပြနိုင်သူများ၊
ဘာသာစကား/အမျိုးမျိုး/ကို ပြောနိုင်သူများ
စသည်တို့/ဖြစ်ကြ၏။
29 လူတိုင်း တမန်တော်/ဖြစ်သလော။ လူတိုင်း ပရောဖက်/ဖြစ်သလော။ လူတိုင်း/ဆရာ ဖြစ်သလော။ လူတိုင်း အံ့ဖွယ်/တန်ခိုး/ကို ပြနိုင်သလော။ 30 လူတိုင်း ရောဂါ/ပျောက်ကင်းစေနိုင်သော ဆုကျေးဇူး ရှိ/သလော။ လူတိုင်း ဘာသာစကား/အမျိုးမျိုး/ကို ပြောနိုင်/သလော။ လူတိုင်း ထို/ဘာသာစကား/၏ အနက်/ကို ပြန်နိုင်/သလော။ 31 သို့ဖြစ်၍ သင်တို့/သည် ပို/၍ မြတ်သော ဆုကျေးဇူးများ/ကို အလွန်/လိုချင်သော/စိတ် ရှိကြလော့။ ယခု/တွင်မူ ကျွန်ုပ်/သည် သင်တို့/အား အမြတ်ဆုံးသော/လမ်း/ကို ပြဦးမည်။